အယ်လ်ဇိုင်းမားလား၊ အယ်လ်ဇိုင်းကျားလား
02-Jan-2018ပျော်ပျော်ရွှင်ရွှင်နေတတ်သော ဇနီးမောင်နှံ၏ ထမင်းဝိုင်းဝယ် -
“ မင်းချက်တဲ့ ဟင်းတွေက ဘာအနံ့အသက်မှမရဘူး”
“ ဒီလောက် မွှေးကြိုင်နေတဲ့ဟာကို အနံ့အသက်မရတာ အယ်လ်ဇိုင်းမားရောဂါရဲ့ ပထမဆုံးလက္ခဏာပဲရှင့် ”
“ ငါ့ကိုများ အထင်သေးလို့ ဟော … ပြောရင်းဆိုရင်း အိမ်ရှေ့မှာ မင်းညီမလေးရောက်နေတယ် ”
“ အမယ်.. ရှင်က မမြင်ရဘဲ ဘာလို့အပ်ကျမပ်ကျပြောနိုင်တာလဲ ”
“ သူသုံးနေကျ ရေမွှေးနံ့ရလို့ ”
“ ဟိုက် ”
Credit: မှူးအိမ်ဇင်